Versus
Bookmark
6.5

Versus

နာမည်ကြီး Anime နဲ့ Manga များ ဖြစ်ကြတဲ့ One Punch Man နဲ့ MOB Psycho 100 တို့ရဲ့ Author ဖြစ်သူ ONEမှ ရေးဆွဲထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဒီ Manga ရဲ့ အကျဉ်းချုပ်ကတော့ နတ်ဆိုးတွေဟာ ကမ္ဘာကြီးကို ကြီးစိုးနေတာ ကြာပါပြီ။ လူသားမျိုးနွယ်တွေကိုဆိုလည်း အားနည်းလို့ ဆိုပြီး အရမ်းနှိမ်ကြပါတယ်။ အဲ့တာကြောင့် လူသားမျိုးနွယ်ရဲ့ ဘုရင်ဖြစ်သူမှ မိမိတို့ နှစ်ရှည်လှများစွာ စုဆောင်းထားတဲ့ အသိပညာ အတတ်ပညာများနဲ့ ကျွမ်းကျင်တဲ့ "ဟီးရိုး" ဆိုတဲ့ သူရဲကောင်းတွေကို ဖန်တီးကြတယ်။ အဲ့ဒီဟီးရိုးတွေကိုလည်း နတ်ဆိုးတွေရဲ့ အထက်ပုဂ္ဂိုလ်ဖြစ်ကြတဲ့ နတ်ဆိုးဘုရင်တွေကို ရှင်းပစ်လို့ရအောင်ဆိုပြီး တစ်ယောက်ဆို နတ်ဆိုး နိုင်တဲ့ဓား Holy Sword တစ်ချောင်းစီ ပေးထားခဲ့ပါတယ်။ နတ်ဆိုးဘုရင်တွေမှာလည်း သူတို့အားလုံးရဲ့ ခေါင်းဆောင် ဘုရင်ဖြစ်သူ ဖြစ်သူ "မဟာနတ်ဆိုးဘုရင်" ဆိုပြီး ရှိပါသေးတယ်။ ဒီမဟာနတ်ဆိုးဘုရင်ကို လူသားမျိုးနွယ်က ဘယ်လို အနိုင်ယူမှာလဲ ဒါမှမဟုတ် အနိုင်ယူဖို့ရော ဖြစ်နိုင်ရဲ့လား၊ လူသားမျိူးနွယ်ကို ဘယ်လိုကယ်တင်မလဲဆိုတာ ဖတ်ရှုကြည့်လိုက်ပါဦး။

Chapter 10
Publication 2022
Serialization Comic Gardo
Author ONE
Artist Azuma Kyoutarou

Recommend

Comments

Show Comments